09.09.2016

ပြီးခဲ့သည့် ရက်များအတွင်း နိုင်ဂျီးရီးယားနိုင်ငံနှင့် ချတ်နိုင်ငံတို့မှ မိသားစု ၂၀၀ ကျော်သည် ယင်းတို့နေထိုင်ရာ ဇာတိမြေတွင် ကြုံတွေ့နေရသည့် အငတ်ဘေးနှင့် အကြမ်းဖက်မှုများ၏ ဘေးဒဏ်မှ ထွက်ပြေးလာခဲ့ကြကာ အရှေ့ပိုင်း ဒစ်ဖာခရိုင်ရှိ တော်မိုမြို့သို့ ရောက်ရှိလာခဲ့ ကြသည်။ အမျိုးသမီးနှင့် ကလေးသူငယ်အများစု ပါဝင်သော လူအသစ်များ၏ ပြောကြား ချက်များအရ ယင်းတို့သည် လေးရက် ငါးရက်မျှကြာအောင် လမ်းလျှောက်ခဲ့ရပြီး၊ ညဘက်များတွင်သာ သွားလာလှုပ်ရှားမှု ပြညဘက်တွင်သာ လမ်းလျှောက်လာခဲ့ရပြီး၊ ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှု သို့မဟုတ် စစ်တပ်မှ ဖမ်းဆီးမည်ကို ကြောက်ရွံ့မှုများကြောင့် ညအခါတွင်သာ သွားလာနိုင်ကြသည်။

အသစ်ရောက်ရှိလာသည့် လူအများစုအား ဒေသခံလူထုမှ စောင့်ရှောက်မှုပေးနေသော်လည်း ယင်းတို့ကိုယ်တိုင်မှာ နေရပ်ရွှေ့ပြောင်းနေရသူနှင့် ဒုက္ခသည်များ ဖြစ်ကြသော်လည်း အသစ် ရောက်လာသည့် သူများအား စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့်၊ ယင်းတို့တွင် ရှိသည့် အနည်းငယ်သော ရင်းမြစ်များအား အတူတကွ မျှဝေသုံးစွဲကြသည်။ ယခုကဲ့သို့ အချင်းချင်း ထောက်ပံ့ကူညီကြသော်လည်း တော်မိုမြို့သို့ အသစ်ထပ်ရောက်လာသည့် မိသားစု ၇၇ စုမှာ တကယ့်ကို ဆိုးရွားသည့် အခြေအနေတွင် ရှိနေပြီး၊ အစားအသောက် မဆိုထားနှင့် မည်သည့် အခြေခံလိုအပ်သည့် ပစ္စည်းမျှ ယင်းတို့ထံတွင် ရှိမနေချေ။ အဆိုပါ အခြေအနေ များမှ သက်သာရာရစေရန် MSF အဖွဲ့မှ NFI (non-food item = အစား အသောက် မဟုတ် သည့် ပစ္စည်း) များဖြစ်သည့် ယင်းတို့သုံးလေ့သုံးထရှိသည့် ပစ္စည်းများ၊ စောင်များ၊ ခြင်ထောင်များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအား အိမ်ထောင်စု ၇၇ စုစာ ဖြန့်ဝေပေးခဲ့သည်။ MSF မှ အသစ်ရောက်လာသည့်ထဲမှ အသက် ငါးနှစ်အောက် ကလေး ငယ်များနှင့် ယင်းတို့၏ မိသားစုများအတွက် အာဟာရထောက်ပံ့ရေး အစီအစဉ်ကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနေသည်။

အရှေ့ ဒစ်ဖာဒေသသို့ မကြာသေးမီ ရက်များက ရောက်ရှိလာသည့် နိုင်ဂျီးရီးယားနှင့် ချတ်နိုင်ငံတို့မှ ဒုက္ခသည်များအတွက် အိမ်အသုံးအဆောင်ပစ္စည်းများ၊ စောင်များ၊ ခြင်ထောင်များနှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းများ စသည့် အကူအညီပေးရေးပစ္စည်းများအား MSF မှ ဖြန့်ဝေပေးခဲ့သည်။

ဒီဂျိုမိုင်တီချီမန်း (၂၈ နှစ်) “ကျွန်မက နိုင်ဂျီးရီးယား၊ ချတ်နဲ့ နိုင်ဂျာနိုင်ငံ သုံးပွင့်ဆိုင် ပိုင်တဲ့ နယ်စပ်မှာရှိနေတဲ့ ချတ်ရေအိုင်က လာတာပါ။ မလုံခြုံမှုတွေကြောင့် အဲ့ဒီကနေ ထွက်ပြေးဖို့ အချိန်အကြာကြီး ကြိုးပမ်းခဲ့ရပေမဲ့၊ ကျွန်မတို့အနေနဲ့ ဘိုကိုဟာရမ်အကြမ်းဖက်သမားတွေ ဘယ်မှာရှိနေနိုင် တယ်ဆိုတာကို မသိတဲ့အတွက် ထွက်မပြေးနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်တော့ သူတို့အချင်းချင်း ပြဿနာတွေ တက်ပြီး၊ ကျွန်မတို့ရွာအနားမှာ အချင်းချင်း တိုက်ခိုက်နေ တာကို အခွင့်ကောင်း ယူပြီး ကျွန်မတို့ ထွက်ပြေးလာကြတာပါ။ လေးရက်လောက် လမ်း လျှောက်ခဲ့ရပြီးနောက်မှ ဒီ တော်မိုမြို့ကို ကလေးငါးယောက်၊ ကျွန်မ ယောက်ျား၊ ကျွန်မ ယောက္ခမတွေနဲ့အတူ ရောက်လာတာပါ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျွန်မတို့ ရောက်ရောက်ချင်း ကျွန်မယောက်ျားကို စစ်တပ်က သင်္ကာမကင်းတာနဲ့ ဖမ်းသွားပါတယ်။ အခုအထိ သူ ဘယ်မှာ ရောက်နေတယ်ဆိုတာကို ကျွန်မ မသိပါဘူး။”

Facebook comments