MSF သည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကျယ်ပြန့်သော အတွေ့အကြုံရှိသည့် အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လိုအပ်သော အရေးပေါ် အခြေအနေများအတွက် ကျန်းမာရေးဝန်ကြီးဌာနကို ကူညီထောက်ပံ့နိုင်ရန် အသင့်ရှိလျက် ရှိပါသည်။

၂၀၁၅ ခုနှစ်အတွင်း MSF မှ တစ်မျိုးသားလုံးဆိုင်ရာ ရေကြီးရေလျှံမှု တုံ့ပြန်ကူညီရေးအတွက် တာဝန်ရှိသူများမှာ နယ်လှည့်ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်ကာ ကူညီပေးခဲ့ပြီး၊ စောင်များ၊ ခြင်ထောင်များနှင့် သောက်ရေသန့်များကို လှူဒါန်းပေးခဲ့ပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်ရှိ သောက်သုံးရေကန်များ သန့်ရှင်းရေးအတွက်ကိုလည်း ကူညီပေးခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပညာပေးရေးတို့အတွက်ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် MSF သည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြို့နယ်များရှိ ဒုက္ခသည်စခန်းများနှင့် သီးခြားဖြစ်နေသောရွာများတွင် နယ်လှည့်ဆေးခန်းများ ဖွင့်လှစ် လုပ်ကိုင်နေပါသည်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော လူမှုအဖွဲ့အစည်းများအား ဆေးဝါး၊ ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဆက်ပွားကျန်းမာရေး၊ တီဘီရောဂါ၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကုသမှုနှင့် အာဟာရတိုက်ကျွေးမှု အစီအစဉ်၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ဂီရိမုန်တိုင်းအပြီးတွင်လည်း ဆေးကုသမှုပေါင်း ၁၇,၀၀၀ ကျော်ကို အဖွဲ့၏ နယ်လှည့်ဆးခန်းများနှင့် ပုံသေဆေးခန်းများမှ တစ်ဆင့် လုပ်ဆောင်ပေးခဲ့ပြီး မုန်တိုင်းသင့်လူထုအား အစားအစာနှင့် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေခြင်းကိုလည်း အကူအညီပေးခဲ့ပါသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း မြန်မာပြည်တွင် ကျရောက်ပြီး ၄၈ နာရီအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပါသည်။ လူပေါင်း ၅ သိန်းခွဲကို ကျန်းမာရေး စောင့်ရှောက်ခြင်း၊ အမိုးအကာ၊ အသုံးအဆောင်ပစ္စည်း၊ ရေသန့်ရရှိရန် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီနိုင်ခဲ့ပါသည်။

ဆက်စပ်သတင်းများ -