MSF အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ငှက်ဖျားရောဂါ ထိန်းချုပ်ရေးအစီအစဉ်များကို ၁၉၉၄ ခုနှစ်မှစ၍ စတင် လုပ်ကိုင်ခဲ့ပါသည်။ ထိုအချိန်တွင် ငှက်ဖျားရောဂါဖြစ်ပွားနှုန်းမှာ ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး အခြေအနေ ဖြစ်နေပါသည်။

ငှက်ဖျားရောဂါဖြစ်ပွားနှုန်းမှာ မြင့်မား၍ MSF အဖွဲ့၏ ငှက်ဖျားရောဂါရှာဖွေရေးနှင့် ကုသရေးတို့တွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မှုသည် ကျန်းမာရေးဝန်ကြီးဌာန၏ ငှက်ဖျားဖြစ်ပွားနှုန်း လျှော့ချမှုကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။ ယနေ့အချိန်တွင် MSF အဖွဲ့၏ ပုံမှန်ဆေးခန်းများတွင် ငှက်ဖျားရောဂါ ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးနေသော်လည်း၊ ကာကွယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အမြဲအဆင်သင့် ပြင်ဆင်ထားသော်လည်း ငှက်ဖျားရောဂါ ကုသရေးသပ်သပ် စီမံကိန်းများကိုမူ ရပ်တန့်ထားပြီးဖြစ်ပါသည်။

လွန်ခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ သိသာထင်ရှားစွာ ကျဆင်းလာခဲ့ပြီးဖြစ်သောကြောင့် နယ်စည်းမထားဆရာဝန်များအဖွဲ့အနေဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား သီးသန့်စီမံချက်ချ၍ လုပ်ဆောင်နေခြင်းကို ရပ်တန့်ခဲ့ပြီး ယနေ့အချိန်အခါတွင်ကား ကျွန်ုပ်တို့၏ ပုံမှန်လည်ပတ်လျက်ရှိသော ဆေးခန်းများမှသာ ငှက်ဖျားရောဂါကို ကုသပေးလျက်ရှိသည်။