MSF အဖွဲ့သည် ကျေးလက်နေနှင့် မြို့နေ လူတန်းစားနှစ်ရပ်လုံးမှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီနိုင်သူများအား အရည်အသွေးပြည့်မှီသော ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ဆောင်ရွက်ပေးနေပါသည်။

MSF အဖွဲ့သည် ဒေသတွင်းရှိ ပြည်သူများနှင့်ပူးပေါင်းပြီး အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကျန်းမာရေး ပညာပေးခြင်းများ၊ ကိုယ်ဝန်ဆောင်များအား မီးမဖွားခင်နှင့် မီးဖွားပြီး စောင့်ရှောက်မှု ပေးခြင်းများကို ရခိုင်ပြည်နယ်နှင့် ဝအထူးဒေသ (၂) တို့တွင် ဆောင်ရွက်ပေးလျက် ရှိနေပါသည်။

၂၀၁၅ ခုနှစ်အတွင်း MSF အဖွဲ့မှ အခြေခံကျန်းမာရေး စမ်းသပ်ကုသပေးခြင်း စုစုပေါင်း ၈၆,၁၅၈ ကျော်ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ငှက်ဖျားရောဂါ အခမဲ့ ကုသရေးနှင့် ကာကွယ်ရေး တို့ကိုလည်း ၎င်းတို့၏ ဆေးခန်းများတွင် ဆောင်ရွက်ပေးခဲ့သည်။

ဆက်စပ်သတင်းများ -