MSF အဖွဲ့သည် ကမ္ဘာ့နိုင်ငံအရပ်ရပ်တွင် ခုခံအားကျဆင်းမှုရောဂါဖြစ်သော အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကုသရာ၌ ကျယ်ပြန့်သော အတွေ့အကြုံရှိသည့်အဖွဲ့ ဖြစ်ပါသည်။ ကုသမှုပေးရာတွင် အေအာရ်ဗွီဆေးနှင့် ကုသမှုအပြင် ဖြစ်ပွားလေ့ရှိသည့် အခွင့်အရေးယူ ရောဂါများအား ကုသပေးခြင်းနှင့် ရောဂါသက်သာစေရန် ကုသပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပါသည်။ လက်ရှိ MSF မှ မြန်မာနိုင်ငံအတွင်း အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာ စုစုပေါင်း ၃၅,၀၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ကုသပေးလျက် ရှိသည်။

MSF သည် အိတ်ခ်ျအိုင်ဗွီလူနာများအား တိုက်ရိုက် ဆေးဝါးကုသမှုများပေးရန် အဓိကထား ဆောင်ရွက်နေပြီး အထွေထွေ ကျန်းမာရေးပညာပေးခြင်း၊ မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေး အိတ်ခ်ျအိုင်ဗွီပိုး စစ်ဆေးခြင်းနှင့် မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်ခြင်းဖြင့်လည်း ပြန့်ပွားမှု ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်ပါသည်။ အကူအညီလိုအပ်နေသည့် လူအုပ်စုများ၊ လက်လှမ်းမီကုသမှုရရှိရန် ခက်ခဲသည့် သူများ။ အိတ်ခ်ျအိုင်ဗွီရောဂါနှင့် အခြားရောဂါများအား တွဲဖက်ဖြစ်ပွားနေသည့် သူများ၊ လိုအပ်သည့် အသက်ကယ်ကုသမှုကို ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများတွင် မရရှိနိုင်သောသူများအား အထူးဂရုပြု ကုသမှုပေးပါသည်။ ထို့အပြင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါကုသခြင်းနှင့် လူနာများအား စိတ်ကျန်းမာရေးနှင့် လူမှုရေး အထောက်အကူများကိုလည်း ပေးပါသည်။

MSF မှ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းနှင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်သေင်တန်းပေးခြင်းများကို အမျိုးသားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၏ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ စောင့်ရှောက်မှု အစီအစဉ်များအား သင်တန်းများ ပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ တစ်မျိုးသားလုံးဆိုင်ရာ အေအာရ်တီကုသနည်းစနစ်ကို အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဒေသအနှံ့ ဖြန့်ကြတ်ကုသရာတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် လိုက်လျောညီထွေမှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထောက်ပံ့ကူညီပေးပါသည်။ ၎င်းအစီအစဉ်များ အားလုံးကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ 

ဆက်စပ်သတင်းများ -