MSF သည် နိုင်ငံတကာ ပုဂ္ဂလိကအဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင်အများစုသည် ဆရာဝန်များ၊ ကျန်းမာရေး လုပ်သားများ ဖြစ်သည်။ သို့သော်လည်း အခြား ထောက်ပံ့ရေး အဖွဲ့ဝင်များလည်း MSF လုပ်ငန်း အဆင်ပြေစေရန် ပါဝင်လုပ်ကိုင်သည်။ အဖွဲ့ဝင်များ အားလုံးသည် အောက်ပါ အခြေခံမူများ အား လေးစားလိုက်နာရန် သဘောတူသည်။

ပဋိညာဉ်စာတမ်း

  • MSF သည် သဘာဝကပ်ဘေးဒဏ်၊ လူသားတို့ကြောင့် ဖြစ်ပေါ်သော ဘေးအန္တရာယ်နှင့် စစ်ဘေးဒဏ်တို့ကြောင့် အတိဒုက္ခ ရောက်နေသည့်သူများကို နှိမ်ချ ခွဲခြားဆက်ဆံမှုမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံရေး ယုံကြည်ချက်မရွေး ကူညီ ထောက်ပံ့ပေးပါသည်။
  • MSF သည် ကြားနေခြင်းမူဝါဒ၊ ဘက်မလိုက်ခြင်းနှင့် မျက်နှာသာပေး နှိမ်ချခွဲခြား ဆက်ဆံမှု မရှိခြင်းဆိုင်ရာ မူဝါဒများကို တင်းကျပ်စွာ လက်ခံကျင့်သုံးပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ် ပြုထားသည့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် လူသားချင်း စာနာ ထောက်ထားခြင်း ဆိုင်ရာ အကူအညီပေးသည့် အခွင့်အရေးများပေါ် အခြေခံထားကာ မိမိတို့၏ လုပ်ငန်းဆောင်တာများကို အနှောင်အဖွဲ့ကင်းစွာ ဆောင်ရွက်ရန် MSF မှ တောင်းဆိုပါသည်။
  • MSF အဖွဲ့ဝင်များသည် ၎င်းတို့၏ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို အလေးထားကာ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေး အနှောင်အဖွဲ့များမှ လုံးဝကင်းလွတ်စွာ အစဉ် ထိန်းသိမ်းရပ်တည်ပါသည်။
  • MSF အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ၀န်ထမ်းများသည် လုပ်ငန်းခွင်၌ တွေ့ကြုံရမည့် ဘေးအန္တရာယ်များကို လက်ခံ သိရှိထားပြီး အဖွဲ့မှ ပေးအပ်သော နစ်နာကြေးအပြင် အခြား မည်သည့် တောင်းဆိုမှုကိုမှ မိမိကိုယ်တိုင်သော်လည်းကောင်း မိမိ၏ဆက်ခံပိုင်ခွင့် ရှိသူမှ သော်လည်းကောင်း တောင်းဆိုခွင့် ရှိမည် မဟုတ်ပါ။