MSF အဖွဲ့၏လုပ်ဆောင်ချက်များမှာ ပထမဆုံးနှင့် ရှေးဦးဆုံးဆေးကုသရေး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆေးကုသမှုဆိုင်ရာ ကျင့်ဝတ်များ၏ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရပြီး လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းလိုက် သော်လည်းကောင်း နစ်နာခြင်း မရှိစေရဘဲ စောင့်ရှောက်မှုများ ပေးအပ်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် လူနာ၏ လုပ်ပိုင်ခွင့်၊ အတွင်းရေးကိစ္စရပ်များနှင့် ၎င်းတို့၏ သဘောတူခွင့်ပြုချက် ဖော်ပြနိုင်ခွင့်ရှိသော အခွင့်အရေးများကို လေးစားလိုက်နာမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လူနာများကို ဂုဏ်သိက္ခာရှိရှိနှင့် ကုသပေးပြီး ၎င်းတို့၏ ဓလေ့ထုံးတမ်းနှင့် ဘာသာရေး ယုံကြည်မှုတို့ကိုလည်း လေးစားသမှု ပြုပါသည်။

လွတ်လပ်မ

မည်သည့်တိုင်းပြည် သို့မဟုတ် မည်သည့် အရေးပေါ် အခြေအနေများတွင် ဖြစ်စေ ကျွန်ုပ်တို့သည် လူသားများ၏ လိုအပ် ချက်များအပေါ် လွတ်လပ်စွာ အကဲဖြတ် စစ်ဆေးမှုတစ်ရပ်နှင့် ကျွန်ုပ်တို့ ထောက်ပံ့ပေးသော အကူအညီများကို တိုက်ရိုက် ထိန်းချုပ်နိုင်စွမ်း အပေါ်တွင် အခြေခံပါသည်။ ကျွန်ုပ်တို့သည် အစိုးရများ၊ အစိုးရနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများ ထံမှ ရန်ပုံငွေ အနည်းငယ်ကိုသာ လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို ကာကွယ်ထားပါသည်။

သမာသမတ်ကျခြင်းနှင့် ဘက်မလိုက်ခြင်း

ကျွန်ုပ်တို့သည် အဆိုးရွားဆုံးနှင့် ချက်ချင်း ဆေးကုသမှု ပေးရန် လိုအပ်သည့် ဘေးအန္တရာယ်များကို ဦးစားပေး ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် ဘာသာရေး စသည်တို့ အပေါ် မူတည်ပြီး ဆုံးဖြတ်လေ့မရှိပါ။ MSF သည် စစ်ဖြစ်နေသော အစိုးရ သို့မဟုတ် အခြားတစ်ဖက် အဖွဲ့အစည်းများမှ အမိန့်ပေး တောင်းဆိုခြင်းများ အပေါ် ဘက်လိုက်ခြင်း၊ ကြားနေခြင်း ပြုလုပ်မည် မဟုတ်ပါ။ သို့သော် တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုလိုက်အား မတရား အကြမ်းဖက် အနိုင်ကျင့်ခြင်းများကို MSF မှ မျက်မြင်တွေ့ရှိပါက MSF အဖွဲ့အနေဖြင့် အထက်ပါ ကိစ္စရပ်များအား လူသိ ရှင်ကြား ထုတ်ဖော်ပြောကြားလိမ့်မည် ဖြစ်သည်။ လက်မခံနိုင်ဖွယ်ရာ ဘေးဒုက္ခ ခံစားနေရမှုများနှင့် အလွန်အမင်း လိုအပ်နေမှုများအတွက် MSF မှ အာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။